Email with own domain service

 

 

 

Free email တွေ အသုံးပြုသူတွေကြားမှာ ...

သင့်အနေနဲ့ ...

  • မိတ်ဆွေ အပေါင်းအသင်း customer များကြားမှာ ကိုယ်ပိုင် Domain Name နဲ့ email ကို သုံးခြင်းအားဖြင့် မိမိဟာ မည်သည့် အဖွဲ့အစည်း၊ မည်သည့်လုပ်ငန်းမှ ဆိုပြီး ယုံကြည်မှု ပိုရစေပြီး အသိအမှတ်ပြုစေပါတယ်။
  • အဲဒီ Domain မှာ website လဲ ရေးထားတယ်ဆိုရင် domain ခေါ်ကြည့်လိုက်ရုံနဲ့ ကိုယ့်လုပ်ငန်းအကြောင်း အသေးစိတ်ကို မမောမပန်း ရှင်းပြစရာမလိုတော့ဘဲ marketing လုပ်ပြီးသားလည်း ဖြစ်သွားပါတယ်နော်။
  • ဒါကြောင့် ဖရီး သုံးနေကြတဲ့ Social media တွေ ဘယ်လိုပဲ အားကောင်းကောင်း ကိုယ်ပိုင် Domain Name နဲ့ အီးမေးလ် သုံးမယ်၊ website လဲ ရှိထားမယ်ဆိုကတော့ တစ်ခြားသူတွေထက် ပိုတင့်တယ် သာလွန်စေမှာ အမှန်ပါပဲနော် ..

 

 

အဖွဲ့အစည်းများအနေနဲ့ ...

  • အကောင့် ၅၀ အထက် ဖွင့်ချင်တယ်ဆိုရင်တော့ ကိုယ်ပိုင်လိုဂိုဖြင့် သီးသန့် မေးလ်ဆာဗာ ( Dedicated Server) ကိုလည်း လိုအပ်သလို တည်ဆောက်ပေးပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ အီးမေးလ်အကောင့်တွေကို နာမည်ပြောင်းလက်ဆင့်ကမ်းလို့ ရခြင်းပါ။ ဥပမာ - အရင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မောင်မောင်၏ အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. အကောင့်ကို ယခုတာဝန်ယူမည့် ကိုကိုအမည်သို့ ပြောင်းပေးခြင်းပါ၊ ထို့ကြောင့် ယခင် ပြုလုပ်ချိတ်ဆက်ခဲ့သော လုပ်ငန်းများကို တစ်ဆက်တည်း သိရှိနားလည်ကာ အဆင်ပြေချောမွေ့သွားစေမှာ ဖြစ်ပါတယ်။

ပြီးတော့ Website မရှိသူများအတွက် လုပ်ငန်း အမည် လိုဂို လိပ်စာ များပါသော One Page Plan လေးနဲ့ Webpage လေးပါ ရေးပေးဦးမှာပါနော် .. အဲဒါမှ ကိုယ့်ရဲ့ Domain လေးဟာ အသက်ဝင်ပြီး ဆက်သွယ်သူတိုင်းက ယုံကြည်စိတ်ချသွားစေဖို့ အတွက်ပါ။

တကယ်လို့ One Page လေး မဟုတ်ဘဲ မိမိ လုပ်ငန်း၊ အဖွဲ့အစည်း အကြောင်း အသေးစိတ်ကို အေးအေးဆေးဆေးနဲ့ စုံလင်အောင် ရှင်းပြပေးနေသလို ခံစားစေချင်တယ် ဆိုရင်တော့ Website Detail Plan ကို ပြောင်းလဲ ရယူလိုက်ပါနော် ....